About Us
Every Home Myanmar

ကျွန်ုပ်တို့၏ရူပါရုံ

ကမ္ဘာပေါ်ရှိလူသားတိုင်းသည်
သခင်ယေရှု၏ သမ္မာတရားနှင့်မေတ္တာကို
မှန်ကန်သောအခွင့်အရေးနှင့် ပြန်လည်၍
တုန့်ပြန်လာရန် ရူပါရုံထားသည်။

ကျွန်ုပ်တို့၏သာသနာ

သခင်ယေရှု၏ သမ္မာတရားနှင့် ချစ်ခြင်းမေတ္တာကို
ကမ္ဘာပေါ်ရှိ လူသားတိုင်းနှင့် အိမ်တိုင်းသို့ ရောက်ရှိစေရန်အတွက်
ယုံကြည်သူများနှင့်အတူ ပူးပေါင်းပါဝင်လက်တွဲပြီး
အသင်းတော်အား အစေခံရန်အတွက် သာသနာလုပ်ငန်း၌
လုပ်ဆောင်လျက်ရှိသော သာသနာလုပ်ငန်းဖြစ်၏။

Our team
Who We Are

Kyi Thar Hla [ Director ]
Myanmar
2017-2026

Pioneer Missionary

U Aung Aye
Pioneer Missionary
( Bago Division )
1989 - 2026
U Saw Eh Htoo
Pioneer Missionary
( Yangon Division )
1989-2026
Saw Hay Nay Thar
Pioneer Missionary
( Yangon Division )
2005-2026
U Than Zaw
Pioneer Missionary
( Ayeyarwady Division )
1994-2026
U Myint Thein
Pioneer Missionary
( Ayeyarwady Division )
1993-2026
KD Brang Mai
Pioneer Missionary
( Mandalay Division )
1992-2026
Zaw Zaw Cho
Pioneer Missionary
( Kayin State )
2006-2026
U Sa Win Shwe
Pioneer Missionary
( Rakhine State )
2009-2026
Tun Tun
Pioneer Missionary
( Magway Division )
2015-2026
Sai Aung Mong
Pioneer Missionary
( Shan State )
2017-2026
San Lin Aung
Pioneer Missionary
( Bago Division )
2007-2026
Naw Phe Lar Phaw
Pioneer Missionary
( Kayah State )
2015-2026
Min Zaw Lat
Part-time Ministry
( Yangon Division )
2019-2024
Tun Tun Naing
Part-time Ministry
( Bago Division )
2019-2026
Mung Dan
Pioneer Missionary
( Kachin State )
2018-2026
That Zaw
Part-time Ministry
( Mandalay Division )
2022-2026
Tun Naing Oo
Part-time Ministry
( Rakhine State )
2019-2026
Mg Naing
Pioneer Missionary
( Yangon Division )
2019-2026
J Mine Mar
Pioneer Missionary
( Ayeyarwady Division )
2021-2026
Dee Nar Phaw
Part-time Ministry
( Ayeyarwady Division )
2026

Office Staff

Daw Khin Mar Win
Finance
1994-2026
Naw Blessing
Office Saff
2000-2026
Naw Eh Moo
Office Saff
1997-2026
Saw Daniel Htoo
Office Saff
2014-2026
Phyu Sin Aung Hla
Social Ministry
2021-2026
Moe Zin Dar
Social Ministry
2022-2026
Daw Moe Sabal
Prayer Ministry
2021-2026
Naw Myint Myat Aye
Social Ministry
2025-2026
Saw La Min
Part-time Ministry
2025-2026

What We Do

ဆုတောင်းတိုင်း

ကမ္ဘာပေါ်ရှိလူသားတိုင်းကို ဧဝံဂေလိတရားဝေငှဖြန့်ဝေရာ၌၊ မိမိကိုယ်ပိုင်အကြံဉာဏ်နှင့် အားအင်ကို စံနစ်တကျသုံး၍ မလုပ်ဆောင်နိုင်ဟု ထင်မှတ်တတ်ကြပါသည်။
အဘယ်ကြောင့်ဆိုသော်၊ ဘုရားသခင်၏ကူညီမစမှုကို လိုအပ်ကြောင်းသိစေချင်သောကြောင့်ဖြစ်၏။

စစ်မှန်မှန်သောတားဆီးမှုများ၊ ထင်ရှားပေါ်လွင်သောကြောက်ရွံ့မှုများ၊ မရေတွက်နိုင်သောစိန်ခေါ်မှုများ စွာတို့ကို ကြုံတွေ့ရပါမည်။ ဤအရာများသည် ဘုရားသခင်၏သတင်းများမဟုတ်ပါ။ ကိုယ်တော်ထံ အ ကြိမ်ကြိမ်ပြန်လှည့်လာပါ။ ကိုယ်တော်၏အံ့ဘွယ်နိမိတ်အားဖြင့် ထင်ရှားစွာ တွေ့လာနိုင်၏။ ဘုရားရှင် သည် ကျွန်ုပ်တို့အတွက် ပြင်ဆင်ပေးထားသည့်အဖြေမှန်များကို တားဆီးပိတ်မှု့ကြားထဲမှ ဖယ်ရှားပေး လိမ့်မည်။
“ ကမ္ဘာအနှံ့အပြားဆီသို့ ဧဝံဂေလိတရားတော်ကို အောင်မြင်စွာရောက်ရှိစေရန်အတွက် ဆုတောင်းခြင်းသည် အဓိကပင်ဖြစ်သည်။”
Dick Eastman.

ယုံကြည်သူတိုင်း

ခရစ်ယာန်တိုင်းသည် ဧဝံဂလိတရားကို ဝေငှသက်သေခံခြင်း၌ပါဝင်ပြီး၊ သခင်ယေရှုကို နာခံခြင်းလိုက် လျှောက်ခြင်းရှိရမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
ကျွန်ုပ်တို့၏ ခိုင်မာသောယုံကြည်ခြင်းသည်။ သူတစ်ပါးတို့အား ဘုရားသခင်ကိုသိရှိလာစေရန်အတွက် ကူ ညီရပါမည်။ ဤသည်မှာ အသင်းတော်၏ သာသနာလုပ်ငန်းပင်ဖြစ်၏။ ကျွန်ုပ်တို့အယောက်စီတိုင်းသည် ဧဝံဂေလိတရားအတွက် ကမ္ဘာလောကအနှံ့သို့ အရောက်သွားရပါမည်။

အသင်းတော်များမှ အစပြု၍ နေရာအနှံ့ တိုင်း/နိုင်ငံ အနှံ့အပြားဆီသို့ရောက်ရှိစေဖို့ရန် သာသနာလုပ်ငန်း ဆုံးခန်းတိုင်အောင်ပြီးစီးစေရပါမည်။ ဧဝံဂေလိသာသနာအတွက် ယုံကြည်သူတိုင်း၊ အသင်းတော်တိုင်း အတူတကွ ပါဝင်နိုင်ပြီး ဧဝံဂေလိတရားတော်ကို ဝေငှခြင်းသည် ကျွန်ုပ်တို့၏ပန်းတိုင်ဖြစ်ပါသည်။ ဤနည်းအားဖြင့်၊ ကျွန်ုပ်တို့အတူတကွပေါင်းစည်း၍ ရှေ့သို့ချီတက်ရပါမည်။

 

 

နေရာတိုင်း

ကမ္ဘနေရာအနှံ့အပြားသို့သွားခြင်းဟူသော အဓိပ္ပါယ်မှာ – သခင်ယေရှု၏သမ္မာတရားနှင့် မေတ္တာတော်ကို နေရာအနှံ့သို့ရောက်အောင်ဝေငှရမည်။ အိမ်တိုင်းရှိမိသားစုတို့အား၎င်း၊ ဆင်ခြင်ဖုံးအရပ်ရှိ သူတောင်းစား များတို့အား၎င်း၊ ဈေးရောင်းဝယ်ရာအရပ်ရှိ အခွန်ကောက်သူများတို့အား၎င်း၊ ကြုံတွေ့ရမည့်ဖြစ်စဉ်ဖြစ်ရ မည်။ မိမိ၏ပြောင်းလဲလာသည့်ဘဝအတွေ့အကြုံအဖြစ်အပျက်အကြောင်းအရာများကို ဓမ္မသစ်ကျမ်းစာ အုပ်ထဲမှအကြောင်းအရာများနှင့် ယှဉ်တွဲပြီး လုပ်ဆောင်နိုင်သည်။

ယနေ့၊ အိမ်၊ အလုပ်လုပ်သည့်နေရာ၊ လမ်းများ၌၎င်း၊ Online များ၌၎င်း၊ ဝိညာဉ်ရေးရာအတွေ့အကြုံများ နှင့် အဖြစ်အပျက်များကို တွေ့ကြုံရပါမည်။ ဘယ်နေရာမှမဆို၊ သခင်ယေရှုနှင့် ထိပ်တိုက်တွေ့ဆုံနိုင် သည်။ ကျွန်ုပ်တို့သည် လူများနှင့်အိမ်မှာ၎င်း၊ သူတို့ရှိသည့်နေရာမှာ၎င်း၊ မကြာခဏတွေ့ဆုံပြီး နောက် အိမ်မှာပင်အစပြုရပါမည်။

သူတို့နေထိုင်ရာအခန်းများတွင်၎င်း၊ အိမ်ရှေ့ဆင်ဝင်တံခါး၌၎င်း၊ ဝိညာဉ်ရေးရာအနှောင့်အယှက်ရှိမည်ဟု ကျွန်ုပ်တို့မတွေးတောသင့်ပါ။ ဘုရားသခင်ထံ မေတ္တာတော်ကို ဧည့်သည်နေရာတွင် မဆို၊ ဝေငှနိုင်သည်ဟူ ၍ ယုံကြည်သူတို့အား သင်ပြပေးရမည်။ ဧဝံဂေလိတရားတော်ကို သူတို့စာထည့်သည့် သေတ္တာပုံး၌၎င်း၊ ကျေးလက်းဒေသ၌ရှိသော ရေတွင်းများ၌၎င်း၊ (သို့မဟုတ်) အမြင့်ဆုံးဖြစ်သော အထပ်တိုက်ပေါ်သို၎င်း၊ အရောက်သွားပြီး ဝေငှရမည်။

ကမ္ဘာအရပ်ရပ်သို့သွားရမည်ဟု သခင်ယေရှုမိန့်မှာချက်အတိုင်း ယနေ့ထိတိုင်အောင် ကိုယ်တော်၏အခွင့် အာဏာအပ်နှင်းခဲ့သည့်အလျှောက် ဆက်လက်လုပ်ဆောင်ရပါမည်။ မိမိထံသို့ သူများရောက်လာမည့် အချိန်ကို စောင့်မနေသင့်ပေ။ မိမိတို့ကိုယ်တိုင် ဝေးလံသောဒေသတိုင်းသို့၎င်း၊ ကမ္ဘာပေါ်ရှိနေရာအနှံ့ဒေသ တိုင်းသို့၎င်း၊ ကိုယ်တော်၏မေတ္တာတော်အကြောင်း သတင်းကောင်းကို ယူဆောင်၍ ဝေငှဖို့ရန် တာဝန်ရှိ ပါသည်။

နည်းမျိုးစုံ

သန်းပေါင်းများစွာသော ခရစ်ယာန်များကို မေးကြည့်ပါ။ သခင်ယေရှုကို ဘယ်လိုသိလာသလဲ။ သို့ပြုလျှင် သင်သည် သန်းပေါင်းများစွာသော အဖြေမှန်ကို ရရှိပါလိမ့်မည်။ သူတို့၏သက်သေခံချက်အကြောင်းအရင်း ကိုသိလာမည်။ အချို့သောသူများက စာအုပ်ဖတ်ခြင်းဖြင့် ဘုရားသခင်ကို တွေ့ရှိလာကြောင်း၊ အချို့က လည်း သူတို့၏တံခါးကိုခေါက်သည့် သူစိမ်းတစ်ဦးကြောင့်၊ အချို့ကလည်း ဘုရားရှိခိုးကျောင်းဝတ်ပြုကိုး ကွယ်ခြင်းထဲမှ ကြီးမားလှသောအဖြစ်အပျက် အတွေ့အကြုံအကြောင်းတို့ကြောင့် ဖြစ်ကြောင်းကို ရှင်းပြ ပါလိမ့်မည်။

ကမ္ဘာလုံးဆိုင်ရာသာသနာ၏တောင်းဆိုချက်အရ တိုင်းနိုင်ငံတိုင်းရှိ အထောက်အကူပြုသော အခြေအနေ ကို လိုအပ်နေသည်။

အခြေအနေ၊ အချိန်အခါပေါမှာ မူတည်ပြီး သာသနာပြုသည့် အကြောင်းအရာလည်း ပြောင်းလဲလျက်ရှိ၏။ ကမ္ဘာလုံးဆိုင်ရာခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်သည့် သာသနာသည်လည်း၊ အောက်ပါအတိုင်း ပြောင်းလဲ သွားရမည်။ ပုံနှိပ်စက်ဖြင့် ထုတ်လုပ်သောစာရွက်စာပေမှ Internet သို့၎င်း၊ မြင်းဖြင့်သွားသောခရီးမှသည် လေယာဉ်ခရီးစဉ်သို့၎င်း၊ ပြောင်းလဲရမည်။ ယနေ့ယုံကြည်သူ လူသားတို့၏ နေထိုင်မှုအခြေအနေအရပ်ရပ် ကြောင့် ပို၍ လေးနက်သော ပို၍ဝေးလံသောခရီးစဉ်ကို အခွင့်အရေးအသီးသီးဖြင့် လုပ်ဆောင်နိုင်ရမည်။ လူတိုင်း၊ နေရာတိုင်းဆီသို့ နည်းစနစ်မျိုးစုံရှာဖွေ သုံးသပ်ပြီးနောက် ရောက်အောင်သွားနိုင်ရမည်။

ထိုနည်းတူ၊ ကျွန်ုပ်တို့သည် အခြားသောနည်းလမ်းအသစ်အားဖြင့် စတင်ပြီး ဧဝံဂေလိတရားကို ဝေငှနိုင်ပါ သည်။ တအိမ်တက်ဆင်းသွားရမည်အချက်သည် အဓိကဖြစ်၏။ အခြားနည်းလမ်းများစွာကို အသုံးပြုပြီး ကမ္ဘာအနှံ့ဆီသို့ ဧဝံဂေလိတရားဖြန့်ဝေရပါမည်။

လူတိုင်း

လူတိုင်းအတွက် ဧဝံဂေလိတရားပင်ဖြစ်၏။ ကျွန်ုပ်တို့အားလုံးအတွက်လည်းဖြစ်၏။ ဘုရားသခင်နှင့် မိတ် သဟာယဖွဲ့နိုင်ရန်အတွက် လူတိုင်းကို ဖတ်ခေါ်တတ်ရမည်။

ဘုရားသခင်၏နိုင်ငံတော်ကျယ်ပြန့်ဖို့ရန် ဖိတ်ခေါ်သည့် စာပေဖြစ်ပါသည်။ ဘုရားသခင်၏ထင်ပေါ်ကျော် ကြားမှု၊ တန်ဖိုးရှိမှုအားဖြင့် လူသားတစ်ဦးစီပေါ်မှာ ထင်ရှားစေရန် မျှော်လင့်ထား၏။ သူတို့သည် ဘယ်သူ ဖြစ်စေ၊ ဘာလုပ်ခဲ့သည်ဖြစ်စေ၊ အမှုမထားပါ ဖန်ဆင်းရှင်နှင့် ကျွမ်းဝင်မိတ်သဟာယပြုခြင်းရှိဖို့သာလိုပါ သည်။

Our Story

အိမ်တိုင်ရာရောက်ခရစ်တော်၏သာသနာပြုအဖွဲ့သည် Every Home for Christ International ခေါင်းဆောင်မှု အောက်တွင် ဝေစာအားဖြင့် သာသနာပြုသော အမှုဆောင်လုပ်ငန်းဖြစ်သည်။

အိမ်တိုင်ရာရောက်ခရစ်တော်၏သာသနာပြုအဖွဲ့သည် ၁၉၈၀ ခုနစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့မှ စတင်ပြီး ကမ္ဘာ့ Every Home for Christ နှင့် တရားဝင်ဆက်သွယ်ပြီး သာသနာလုပ်ငန်းများကို ဆက် လက်လုပ်ဆောင်ခဲ့ပါ သည်။ သာသနာလုပ်ငန်းစတင်သည့်အချိန်မှစ၍ ၂၀၀၇-ခုနစ် ဒီဇင်ဘာလတွင် ပထမအကြိမ်(First Coverage) တစ်နိုင်ငံလုံးအတိုင်းအတာ အိမ်တိုင်ရာရောက်ဝေစာအားဖြင့် ပြီးစီခဲ့ဖြစ် ပါသည်။ ၂၀၀၈-ခုနစ် မှ ၂၀၁၈-ခုနစ်အထိ ဒုတိယအကြိမ် (Second Coverage) တစ်နိုင်ငံလုံးဝေစာအား ဖြင့် သာသနာပြုခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၉-ခုနစ်မှ စတင်၍ ယခုအချိန်ထိ တတိယအကြိမ်အဖြစ်လုပ် ဆောင်လျက်ရှိပါသည်။

ဝေစာဝေခြင်း သာသနာလုပ်ငန်းအနေဖြင့် မြန်မာပြည်ရှိတိုင်းနှင့်ပြည်နယ်အသီးသီးရှိ တာဝန်ခံများနှင့် တွဲဖက်အမှုတော်ဆောင်ဟူ၍ (၁၂)နေရာတွင် အမှုတော်ဆောင်များနှင့်အတူ ဒေသန္တရအသင်းတော်များ၊ စေတနာ့ အမှုတော်ဆောင်(Volunteers)များနှင့်လည်း အတူလက်တွဲလျက် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပါဝင် ဆက် ကပ်မှုများလည်းရှိပါသည်။ ယုံကြည်သူလူသစ်များအား ဒေသခံအသင်းတော်များနှင့် လက်တွဲ၍ Fellow-up ပြုလုပ် ကာ တပည့်တော်များမွေးထုတ်ပေးလျက်ရှိသည်။ OIKOS ၏ ရည်ရွယ် ချက်ဟူသော အနှစ် (၂၀)အတွင်း တစ်နိုင်ငံ လုံး ခရစ်တော်အကြောင်းသိရှိရန် ပန်းတိုင်ထားရှိသည်။